Credit to _ ဖိုးစပ်စု - Ko Aung
 
ဖုန်းတစ်လုံးအဓိကပါဝါ လာဖို့ ဆို၇င် hardware ပိုင်းအရ PMU,CPU,EMMC
စတဲ့အိုင်စီတွေ ကောင်းမွန်၇ပါမယ်။ဗို့ လမ်းကြောင်းတစ်လျှောက်တွင်ရှိသော components
တွေ ကောင်းမွန်ရပါမယ်။ software ပိုင်းအရလဲ system os ပိုင်းတွေ error ကင်းနေဖို့ လိုပါတယ်။
ပါဝါအိုင်စီတွေမှာ ကိုယ်ပိုင်ခုန်လိုင်းထုတ်နိင်တဲ့ pulse width modulation (PWM) အပိုင်းပါဝင်ပါတယ်။
ဒီအပိုင်းကနေ output ပိုင်းတွင်ရှိသော regulator ပတ်လမ်းတွေကို လိုအပ်သလို ထိန်းချုပ်ပေးပါတယ်။
ခုန်လိုင်းကိုလိုအပ်သလို အကျဉ်းအကျယ် ပြုပြင်ပေးလျှင် output volts ကိုလဲထိန်းချုပ်ချိန်ငြိပေး
နိင်ပါတယ်။ PWM ပိုင်းမှာပါဝင်တဲ့  Crystal ကိုတော့ 32KHZ crystal ကိုအသုံးပြုပါတယ်။၎င်း crystal
မကောင်းလျှင် PWM ပိုင်းလုပ်ဆောင်မှု ထိခိုက်သည့် အတွက် ပါဝါမတက်ခြင်း ၊logo တွင်ရပ်ခြင်းများ
ဖြစ်နိင်ပါတယ်။ပါဝါအိုင်စီတွေမှာ အများအားဖြင့် အသံပိုင်း တွေပါဝင်နေတတ်ပါတယ်။စပီကာလဲကြည့်
ခြင်း၊ပတ်လမ်းစစ်ဆေးကြည့်ခြင်းစသဖြင့် လုပ်ကြည့်ရ်ျမရလျှင် PMU လဲပေးရတဲ့အထိဖြစ်လာပါတယ်။
battery မှ လာတဲ့ 3.5v ကို လမ်းကြောင်းနှစ်ခုခွဲပြီး PMU ကိုပေးထားတတ်ပါတယ်။ပထမ တစ်လမ်းက
standby volt အဖြစ်ပို့ ထားပြီး FET,AC9 အစရှိတဲ့ GATE အိုင်စီလေးတွေခံပြီး VPH PWR လမ်းကြောင်း
အဖြစ်ပေးပို့ ထားပါတယ်။၎င်း VPH PWR လမ်းကြောင်းေ၇ာက်မှ ပါဝါ နိုးနိင်မှာပါ။
Standby လမ်းကြောင်းမှာရှိတဲ့ components လေးတွေရှော့ဖြစ်ရင် အလွယ်တကူရှာတွေ့ နိင်ပေမယ့်
VPH PWR လမ်းကြောင်းတစ်လျှောက်ေ၇ှာ့ ဖြစ်လျှင် FET,AC9 တို့ ကို ဖြုတ်ပြီး ဗို့ ပေးသွင်းမယ့်
ပတ်လမ်းနဲ့  Jumper ကျော်ပေးမှ ရှာလို့ ရမှာပါ။ထိုကဲ့သ်ု့ မရှာလျှင် FET AC9 သာပူနေပါမည်။
အကယ်ရ်ျ PMU တွင် ပြစ်ချက်မ၇ှိလျှင် Boot output ပိုင်းတွေဖြစ်တဲ့ S1,S2,S3, စတဲ့လမ်းကြောင်းတွေကို သက်ဆိုင်၇ာဗို့ တွေထုတ်ပေးပါတယ်။ S1,S2 သည် 1.1vထုတ်ပေးပြီး
CPU အိုင်စီအတွက်လိုအပ်တဲ့ VDD ဗို့ တွေထုတ်ပေးပါယ်။ S3 လမ်းကြောင်းကတော့ 1.7v ထွက်ပြီး
emmc အတွက် VDD တစ်လိုင်းပို့ ပေးပါတယ်။ နောက်ထပ်လိုအပ်တဲ့ တစ်လိုင်းကိုတော့ dc to dc
မှတဆင့် 2.7V ရယူထားပါတယ်။ ပါဝါခလုတ်ကို 3S,4S, ခန့် ဖိပေးလိုက်လျှင် power on signal
ထွက်လာပြီး CPU နှင့် EMMC တို့ အတွက်လိုအပ်တဲ့ဗို့ တွေထုတ်ပေးပါတယ်။
သက်ဆိုင်၇ာအိုင်စီတွေကို ဗို့ အသီးသီးရောက်သွားလျှင် CPU အိုင်စီတွင်းရှိ clock generator
စတင်အလုပ်လုပ်ပါတယ်။ clock ခုန်လိုင်းကို PMU နဲ့  EMMC တို့ ဆီ ပြန်ပို့ ပေးပါတယ်။
ထိုအချိန်မှသာ ပါဝါ အိုင်စီ အတွင်းရှိ logic control ပိုင်းတွေ ၊switching mode regulator
ပိုင်းတွေပုံမှန်အလုပ်နိင်မှာပါ။ဒါကို powewr on sequence လို့ ခေါ်ကြပါတယ်။
emmc သို့  clock ခုန်လိုင်းရောက်ရှိချိန်မှာတော့ boot အပိုင်းစတင်အလုပ်လုပ်ပါတယ်။ CPU အိုင်စီအတွင်းရှိ RAM ပေါ်သို့  low level coding program data တွေပါတဲ့ bootloader အပိုင်း
ကူးပြောင်းပေးပါတယ်။ CMD,CLK,DO,အစရှိတဲ့ data လမ်းကြောင်းတွေ ချိတ်ဆက်အလုပ်လုပ်ကြပါတယ်။ LOGO ပေါ်လာပြီး system ပိုင်းကို ဆက်လက် ဆွဲယူပြီး kernel
နဲ့ ချိတ်ဆက်ပေးပါတယ်။ kernel ကတဆင့် hardware ပိုင်းမှာပါဝင်တဲ့ devices တွေနဲ့  software
ပိုင်းမှာပါဝင်တဲ့ code တွေ application တွေကိုချိတ်ဆက်ပေးပါတယ်။ဒီအပိုင်းမှာတော့ power section ပိုင်းသာမကပဲ
netork ပိုင်းနဲ့ အခြား အစိတ်အပိုင်းတွေပါ လည်ပတ်စေပါတယ်။
ကျွန်တော်လေ့လာထားမိသလောက်ပြောရရင်
0.00A ___0.07A မှာ (1.1V,1.1V,1.7V) သုံးခုထွက်လာပါတယ်။
0.07A ___0.12A မှာ (1.1V,1.1V,1.7V,2.7V) တွေထွက်လာပါတယ်။
0.12A ____0.17A မှာ (logo ) စတက်ပါတယ်။ L လမ်းကြောင်းတစ်ချို့ ပွင့်လာပါတယ်။
0.17A ____0.22A မှာ (second logo 3G logo) တက်ပါတယ်။
0.22A ___0.28A မှာ (system ,devices) စတင်စစ်ဆေးပါတယ်။
0.28A ___0.35A မှာ (firmware 0s ) အပြည့်အ၀လည်ပတ်နေပါတယ်။ L လမ်းကြောင်းတွေအကုန်ပွင့်သွားပါတယ်။
0.35A ___0.45A မှာ (SIM,SD, Network, ) အပိုင်းတွေ အပြီးသတ်စစ်ဆေးပါတယ်။
အားလုံးပြည့်စုံသွားချိန်မှာတော့၊အမ်ပီယာအနဲငယ်ပြန်ကျပြီး normal mode ကိုရောက်ပါတယ်။
0.45A ____ 0.35A ( Home screen ) USER ကိုစောင့်ပါတယ်။ဘာမှမခိုင်း၇င်
0.35A _____0.00A (Standby mode) ကိုရောက်နေပါတယ်။ဒီအချိန်မှာ
power button ကိုတစ်ချက်နှိပ်လိုက်ရင် devices အားလုံးချိတ်ဆက်ပြီးဖြစ်နေတဲ့အတွက်
home screen ကိုတန်းရောက်သွားပါတယ်။ဖုန်းရဲ့ စကရင်ဆိုက်အသေးအကြီးပေါ်မူတည်ပြီး
အမ်ပီယာပြတာတော့ ကွာမှာပေါ့နော်။
ဒါကတော့ကျွန်တော်လေ့လာထားတဲ့ပုံစံပါ ။အားလုံးတော့မှန်ကန်မှုမရှိနိင်ပါဘူး။
လေ့လာစညီငယ်တွေအတွက် အနည်းအကျဉ်းလောက် အထောက်အကူရမယ်ဆိုရင်
ကျေနပ်ပါပြီ။

0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top